Agricultural Services Public Company Limited (G.B.S ASP) သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် စုံလင်ပြည့်စုံသော ဆောက်လုပ်တည်ဆောက်မှုပုံစံပါဝင်သည့် စိုက်ပျိုးရေးဖြေရှင်းချက်များကို ပံ့ပိုးပေးနေသော ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ASP သည် တောင်သူလယ်သမား များ၏ အလုပ်လုပ်နိုင်စွမ်း တိုးတက်မြင့်မားစေရေး၊ထုတ်လုပ်မှုနှုန်းကို ထိရောက်စွာမြှင့်တင်ရေးကို အသုံးချပေးရေးတို့ကို အရေးပါသည့် ရည်မှန်းချက်များအဖြစ် သတ်မှတ်ပြီး လုပ်ငန်းများကို ဆောင်ရွက်နေပါသည်။စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြုံနက်ရှိုင်းမှုများနှင့် နိုင်ငံတဝှမ်းအနှံ့ကွန်ယက်အားသာချက်များကို အခြေခံ၍ G.B.S ASP သည် စိုက်ပျိုးရေးနည်းလမ်းများကို ခေတ်မီနည်းပညာနှင့် ပေါင်းစည်းကာ
ကို တစ်နေရာတည်းမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
G.B.S ASP သည် “မြေပြင်မှ အောင်မြင်မှုထိ” ဆောင်ရွက်ပေးနိုင်စေရေးကို ရည်မှန်းပြီး တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး ecosystem တစ်ခုလုံးအတွက် တန်ဖိုးအသစ်များ ဖန်တီးပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီနှစ်ပတ်လည် အစီရင်ခံစာကို အလေးနက်ထားတင်ပြလိုသည်မှာ ယခုဘဏ္ဍာရေးနှစ်သည် မိမိတို့ G.B.S ASP ကုမ္ပဏီအတွက် အောင်မြင်မှုနှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများကို ထူးခြားစွာဖော်ဆောင် နိုင်ခဲ့ပြီး မိမိတို့၏တိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို ဆက်လက်ကြိုးပမ်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်းဦးစွာတင်ပြလိုပါသည်။ ကျွန်တော်တို့ ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင် မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ တည်ထောင်ခြင်း၏ ရည်ရွယ်ချက် (၅)ချက် ဖြစ်သော တောင်သူဦးကြီးများ၏ ကြီးမားသောအခက်အခဲများဖြစ်သည့် လုပ်သား အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန်၊နည်းပညာပံ့ပိုးမှု လိုအပ်ချက်များအား တဘက် တလမ်းမှ(တစ်ဖက်တစ်လမ်း) ဆောင်ရွက်ပေးနိုင်ရန်၊ ကုန်ထုတ်လမ်း(ကုန်ထုတ်နှုန်း???) အခက်အခဲများအား ကူညီဖြေရှင်းပေးရန်၊ ရာသီဥတု အခက်အခဲကြောင့်ဖြစ်ပေါ်လာသော အချိန်မှီမစိုက်ပျိုးနိုင်ခြင်းနှင့် နေထိုင်မှု အဆင့်အတန်း ပိုမိုမြင့်မားရေးကို အဓိကထားရည်မှန်း၍ ဖွင့်လှစ်တည်တောင် ထားသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။
Connect directly with our corporate relationship team for governance matters, compliance inquiries, and strategic partnerships.
ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှု လုပ်ငန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သည် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင်ရုံး၏ (၆-၁၀-၂၀၁၅) ရက်စွဲပါ ကုမ္ပဏီမှတ်ပုံတင်အမှတ် (၂၃၈၄/၂၀၁၅-၂၀၁၆) ဖြင့်မှတ်ပုံတင်ပြီး အများပိုင်ကုမ္ပဏီလီမိတက် အဖြစ်ဖွဲ့စည်းခဲ့ပါသည်။
ထို့နောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၆-၃-၂၀၁၆) ရက်စွဲ ပါ ခွင့်ပြုမိန့်အမှတ် (မနသ-၁၁၇၀/ ၂၀၁၆) ဖြင့် အမှတ်(၄)၊ နယ်မြေ(၅)၊ ကျောင်းကုန်း မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအား ၅-၅-၂၀၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၆-၃-၂၀၁၆) ရက်စွဲ ပါ ခွင့်ပြုမိန့်အမှတ် (မနသ-၁၁၇၀/ ၂၀၁၆) ဖြင့် အမှတ်(၄)၊ နယ်မြေ(၅)၊ ကျောင်းကုန်း မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအား ၅-၅-၂၀၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။