၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီနှစ်ပတ်လည် အစီရင်ခံစာကို အလေးနက်ထားတင်ပြလိုသည်မှာ ယခုဘဏ္ဍာရေးနှစ်သည် မိမိတို့ G.B.S ASP ကုမ္ပဏီအတွက် အောင်မြင်မှုနှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများကို ထူးခြားစွာဖော်ဆောင် နိုင်ခဲ့ပြီး မိမိတို့၏တိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို ဆက်လက်ကြိုးပမ်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်းဦးစွာတင်ပြလိုပါသည်။ ကျွန်တော်တို့ ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင် မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ တည်ထောင်ခြင်း၏ ရည်ရွယ်ချက် (၅)ချက် ဖြစ်သော တောင်သူဦးကြီးများ၏ ကြီးမားသောအခက်အခဲများဖြစ်သည့် လုပ်သား အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန်၊နည်းပညာပံ့ပိုးမှု လိုအပ်ချက်များအား တဘက် တလမ်းမှ(တစ်ဖက်တစ်လမ်း) ဆောင်ရွက်ပေးနိုင်ရန်၊ ကုန်ထုတ်လမ်း(ကုန်ထုတ်နှုန်း???) အခက်အခဲများအား ကူညီဖြေရှင်းပေးရန်၊ ရာသီဥတု အခက်အခဲကြောင့်ဖြစ်ပေါ်လာသော အချိန်မှီမစိုက်ပျိုးနိုင်ခြင်းနှင့် နေထိုင်မှု အဆင့်အတန်း ပိုမိုမြင့်မားရေးကို အဓိကထားရည်မှန်း၍ ဖွင့်လှစ်တည်တောင် ထားသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် မိမိ၏အဖွဲ့အစည်း ဖွံဖြိုး တိုးတက် ရေးကို သာမက မိမိပတ်ဝန်းကျင်နှင့်တောင်သူဦးကြီးများ၏ အကျိုးစီးပွား တိုးတက်ရေးကို ကာလတို မဟုတ်ဘဲ ရေရှည်ဖွံဖြိုး တိုးတက်ရေးကိုရည်မှန်းလျှက် ဒါရိုက်တာများဖွဲ့စည်းပြီး စီးပွားရေး နည်းဗျူဟာ၊မဟာဗျူဟာများဖြင့် စနစ်တကျ ပိုမိုတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက် လျှက်ရှိကြောင်း ပြောကြားလိုပါတယ်။
အစုရှယ်ယာရှင်များကို အသိပေးပြောကြားလိုတာကတော့ ကျွန်တော်တို့ကုမ္ပဏီ ဟာဆိုရင် ယခုဘဏ္ဍာရေးနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ရန်ကုန်စတော့အိပ်(စ်)ချိန်းတွင် Pre-Listing Board(PLB) ဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာလည်း အစုရှယ်ယာရှင်များအနေဖြင့် သိရှိပြီးဖြစ်ပါတယ်။ Pre-Listing Board(PLB) ဝင်ရောက်ခြင်း ၏ အကျိုးကျေးဇူးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများပိုမိုရရှိလာမည်ဖြစ်ပြီး အများပိုင် ကုမ္ပဏီအနေဖြင့် လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် အရင်းအနှီးများလိုအပ်သည့်အခါ ဘဏ်မှ ချေးငွေရယူနိုင်သည့်နည်းလမ်းဖြင့် ရင်းနှီးမြှုပ်နှံမှုရတယ်ဆိုတာ အသိပေးလိုပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကိုအဓိကထား ဆောင်ရွက်နေသည့် နိုင်ငံ ဖြစ်ပြီး အစိုးရအနေနဲ့လည်း ၎င်းအပေါ် အလေးထားဆောင်ရွက်သဖြင့် ကျွန်တော်တို့ ကုမ္ပဏီဟာဆိုရင်လည်း တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များအပါအဝင် Agricultural Value Chain တစ်ခုလုံးတွင်ပါဝင် ဆက်စပ်ဆောင်ရွက်လျှက်ရှိသူ အားလုံး အတွက် တွေ့ကြုံနေရသော အခက်အခဲများနှင့် စိန်ခေါ်မှုများကိုအောင်မြင်စွာဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အတတ်နိုင်ဆုံးပူးပေါင်း ကူညီဖြည့်ဆည်းပေးနိုင်မည့် ကုမ္ပဏီ တစ်ခုအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာကဏ္ဍပေါင်းစုံတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမည့် စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုအဖြစ်လည်း ကောင်း လုပ်ဆောင်သွားရန် ရည်ရွယ်ထားရှိပြီး မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု၊စားနပ်ရိက္ခာ အရည်အသွေးနှင့်လုံခြုံမှု၊ တည်တံ့မှုနှင့် စီးပွားရေးကြွယ်ဝမှု တိုးမြှင့်ရေးတို့ကို ထောက်ပံ့ပေး ရန်၊ မြန်မာနိုင်ငံ၏ ဦးဆောင်ပြီး ယုံကြည်စိတ်ချရဆုံးသော စိုက်ပျိုးရေး ဖြေရှင်းနည်းများ ထောက်ပံ့ပေးသောဆန်းသစ်တီထွင်မှု၊ တည်တံ့မှုနှင့်ကဏ္ဍအတွင်း အကျုံးဝင်သောကြီးထွားမှု တို့ကို တွန်းအားပေးသောကုမ္ပဏီဖြစ်လာရန် ရည်ရွယ်ထားရှိပါတယ်။ ကျွန်တော်တို့ကုမ္ပဏီဟာ စီးပွားရေး လုပ်ဆောင်ရာမှာ ရိုးသားဖြောင့်မတ်ခြင်း၊ တောင်သူဦးကြီးများအနေဖြင့် လုပ်ငန်း ဆောင်ရွက်နိုင်ရန်နှင့် စွမ်းဆောင်ရည်မြင့်တက်လာစေရန် လိုအပ်သောပံ့ပိုးမှုများ ထောက်ပံ့ ပေးခြင်း၊ အကျိုးစီးပွားဖြစ်ထွန်းရေး၊ အားလုံးအကျိုးစီးပွားရှိရေးကိုသာ ဦးတည်ပြီး တစိုက်မတ်မတ်လုပ်ဆောင်ခြင်း စတာတွေကို စံနှုန်းထားရှိပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်များအတိုင်း တာဝန်များကိုဖြည့်ဆည်းရန် နည်းပညာများအသုံးပြုခြင်း၊ ကောင်းမွန် ခိုင်ခံ့သော အလေ့အထများနှင့်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများအပေါ် အာရုံစိုက်ပြီး လုပ်ငန်းဖော်ဆောင် သွားပါမယ်ဆိုတာကို အစုရှယ်ယာရှင်တွေထံ အသိပေးပြောကြားလိုပါ တယ်။
ကုန်ဆုံးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီ၏ လုပ်ဆောင်မှုစွမ်းဆောင် ရည်အား တင်ပြရမည်ဆိုပါလျှင် ကျွန်တော်တို့ကုမ္ပဏီသည် လုပ်ငန်းသစ်များ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ခဲ့သည့်အတွက် ဈေးကွက်၏စိန်ခေါ်မှုအသစ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရ သော်လည်း ထိုစိန်ခေါ်မှုအသစ်တို့အား ဒါရိုက်တာအဖွဲ့၏ ကောင်းမွန်သော မဟာဗျူဟာ၊ အရည်အသွေးရှိသော စီမံခန့်ခွဲရေးစနစ်တို့ဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင် ခဲ့သည့်အတွက် ဘဏ္ဍာရေးအရကြံ့ခိုင်ခြင်းနှင့် အနာဂတ်တိုးတက်ရေးအတွက် ကောင်းမွန်သည့် ဘဏ္ဍာရေးအခြေအနေဖြင့် ရပ်တည်နိုင်ခဲ့ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် နိုင်မှုရလာဒ်အဖြစ် ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်အဓိကထူးခြားချက်မှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကြမ်းအမြတ်အနေဖြင့် (၀.၈၄)ဘီလီယံရရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာတော့ (၃.၃၃)ဘီလီယံ ရရှိခဲ့ သည့်အတွက် ယခင်ဘဏ္ဍာရေးနှစ်ထက် ၂၉၃% တိုးတက်ရရှိခဲ့ပါသည်။ အကျိုးအမြတ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် (၀.၄၂)ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာတော့ (၁.၉၀)ဘီလီယံရရှိခဲ့သည့် အတွက် ယခင် ဘဏ္ဍာရေးနှစ်ထက် ၂၉၃% တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုမ္ပဏီတည်ထောင် ခဲ့သည့် ကာလအတွင်း အောင်မြင်မှုအရရှိဆုံးနှစ်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကုမ္ပဏီအနေ ဖြင့် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိတဲ့ Agri Product ရောင်းဝယ်ရေးအား ပြည်တွင်းသာမက ပြည်ပထိတင်ပို့နိုင်ရေးနှင့် လုပ်ငန်း တိုးချဲ့နိုင်ရေးအတွက် RISများ ဖိတ်ခေါ်ခဲ့ပြီး ရင်းနှီးငွေများ တိုးချဲ့မြှုပ်နှံခြင်းများဆောင်ရွက်ထားခြင်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုးတက်မှုတစ်ခု ဖြစ်ပါကြောင်းကိုလည်း ပြောကြားလိုပါတယ်။ အစုရှယ်ယာရှင်များ အနေဖြင့် ကုမ္ပဏီအပေါ် ထပ်မံရင်းနှီးမြှုပ်နှံမှုထည့်ဝင်ငွေအား တိုးမြှင့်ပြီးဖြစ်သလို ကုမ္ပဏီအနေဖြင့်လည်း ရရှိလာသော ရင်းနှီးမြှုပ်နှံငွေများအပေါ် Operationလုပ်ငန်းပိုင်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် ယခင်က ထက်ပိုမိုကြီးထွားလာအောင် လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် ထိုသို့ ပြုလုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ရင်းနှီးမြှုပ်နှံငွေများလေ ကုမ္ပဏီ၏ လုပ်ငန်းပိုင်းများ ကြီးထွားလာပြီး ကုမ္ပဏီနှင့်ဆက်စပ်လုပ်ကိုင်နေသော တောင်သူဦးကြီးများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေး နည်းပညာပိုင်းများ ပိုမိုပံ့ပိုးဆောင်ရွက် နိုင်ခြင်းလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင်နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် (၄)ရပ်ထဲ တွင်ရှိသည့် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး”ဆိုတဲ့အချက်ကိုလည်း တပါတည်းဆောင်ရွက် ပြီးဖြစ်ပါတယ်။ အစုရှယ်ယာရှင်များအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုငွေများလေ ရရှိမည့်အကျိုးအမြတ်လည်းများလာပြီး ဒါဟာအဖက်ဖက်မှ Win=Win Situationကို ဆောင်ရွက်ပြီးဖြစ် တယ်ဆိုတာ အစုရှယ်ယာရှင် တွေကို အသိပေးပြောကြားလိုပါတယ်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ အောင်မြင်မှုများ သုံးသပ်ရသလောက် အစုရှယ်ယာ ရှင်များ အနေဖြင့် မိမိတို့၏ရင်းနှီးမြှုပ်နှံငွေကိုများကို ကုမ္ပဏီအပေါ် ယုံကြည်စွာအပ်နှံ ထားသည့်အတွက် ကုမ္ပဏီ အနေဖြင့် ယခင်ဘဏ္ဍာရေးနှစ်များထက် လုပ်ငန်းများပိုမို တိုးပွားလာသည်ကို အစုရှယ်ယာရှင်များမျက်မြင် ကိုယ်တွေ့ဘဲဖြစ်ပါတယ်။ ထိုအခြေအနေကို ရောက်အောင် ကုမ္ပဏီကိုပံ့ပိုးပေးတဲ့ အစုရှယ်ယာရှင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင် ရှိသလို ကျွန်တော်တို့နှင့်အတူတကွ ကုမ္ပဏီတိုးတက်ကြီးပွားရေးကို လက်တွဲ ဆောင်ရွက်ကြတဲ့ G.B.S ASP ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ထိုသို့ပူးပေါင်းပြီး တက်ညီလက်ညီဆောင်ရွက်ကြလျှင် အနာဂတ်တွင် ကုမ္ပဏီအနေဖြင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး နောင်တစ်ချိန်တွင် မြန်မာနိုင်ငံ၏ ဦးဆောင်ပြီးယုံကြည်စိတ်ချရဆုံးသော စိုက်ပျိုးရေး ဖြေရှင်းနည်းများ ထောက်ပံ့ပေးသော၊ ဆန်းသစ်တီထွင်မှု၊ တည်တံ့မှုနှင့်ကဏ္ဍအတွင်း အကျုံးဝင်သောကြီးထွားမှုတို့ကို တွန်းအားပေးသော ကုမ္ပဏီတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ မလွဲဧကန်ဖြစ်ကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။