မန္တလေးမြို့နေမိဘပြည်သူများအနေဖြင့် မိမိတို့ရဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအား အခမဲ့လာရောက်အားသွင်းနိုင်ရန်အတွက် Good Brothers’ Recharge Station များကို အောက်ဖော်ပြပါနေရာများတွင် စီစဥ်ပေးထားပါသည်။
📍 နေရာ (၁)
လေယာဥ်ကွင်းဟောင်းအနောက်ဘက်၊ အစိုးရဘဏ်အနီးနား၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
📍 နေရာ (၂)
(၁၁) လမ်းနှင့် (၁၂) လမ်းကြား၊ (၆၆) လမ်းနှင့် လမ်း (၇၀) ကြား၊ သုဓမ္မာဇရပ်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။
📍 နေရာ (၃)
၂၆ လမ်း၊ (၇၉) လမ်းနှင့် လမ်း (၈၀) ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
📍 နေရာ (၄)
(၇၃) လမ်းနှင့် လမ်း (၃၀) ထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
သောကအဖြာဖြာကင်းဝေးကြပါစေ၊ နေရာတိုင်း မီးလင်းပါစေ။ 🙏