ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (G.B.S ASP) သည်လယ်ယာလုပ်ငန်းတွင် တောင်သူဦးကြီးများ တွေ့ကြုံနေရသော လုပ်သား ရှားပါးမှုပြဿနာများ  ၊  စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ​အခက်အခဲများနှင့် စိုက်ပျိုးရေးနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ စိန်​ခေါ်မှုများကို ကူညီဖြေရှင်း​​ဆောင်ရွက်​ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် အများပိုင်ကုမ္ပဏီအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

 

G.B.S ASP သည် တောင်သူဦးကြီးများနှင့် အကျိုးတူစိုက်ပျိုးလုပ်ကိုင်မှု (Contract Farming) လုပ်ငန်းများစနစ်တကျတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲ များအား တောင်သူဦးကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေး သာမက စိုက်ပျိုးရေးနှင့်ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ (Farm-related Services)များလည်း ဆောင်ရွက်လျက်ရှိပါသည်။ G.B.S ASP မှဆောင်ရွက်လျက်ရှိ သောလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    လယ်ယာသုံးစက်ပစ္စည်းများနှင့် သွင်းအားစုများတင်သွင်းဖြန့်ချိရေးလုပ်ငန်း     ဆောင်ရွက် ခြင်း

 

လယ်ယာသုံးစက်ပစ္စည်များ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတွင် ကုမ္ပဏီအနေဖြင့် တောင်သူများ၏ လိုအပ်ချက်အား တတ်စွမ်းသမျှဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ လယ်ယာသုံး စက်ပစ္စည်းများအား KUBOTA Myanmar Co.,Ltd မှ တရားဝင် အရောင်းကိုယ်စားလှယ်ယူပြီး မုံရွာမြို့၊ စစ်တွေမြို့၊ နောင်ချိုမြို့များတွင် အရောင်းခန်းမ များဖွင့်လှစ်၍ ရောင်းချလျက်ရှိပါ သည်။ ၂၀၂၄-၂၀၂၅ ခု ၊ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာသုံး စက်ယန္တရားပစ္စည်းများ ရောင်းရငွေ သည် စုစုပေါင်းဝင်ငွေ၏ ၈၀.၈၉% ဝင်ငွေ ရရှိထားပါ သည်။

 

G.B.S ASP သည် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ (Agricultural Sector) ဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူဦးကြီးများအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးနိုင် ရေးအတွက် ကမ္ဘာ့အဆင့်မီစားသောက်ကုန်နှင့် လယ်ယာသုံးထုတ်လုပ်ရေးအတွက် လိုအပ် သည့် စက်ယန္တရားပစ္စည်းများနှင့် သွင်းအားစုများကို တိုးချဲ့တင်သွင်းဖြန့်ဖြူးနိုင်ရန် စီစဉ်  ဆောင်ရွက်လျက်ရှိပါသည်။

()     အရည်အသွေးမြင့် သီးနှံများအား ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ဖြူးရောင်းချခြင်း

 

လယ်ယာစိုက်ပျိုးရေး ထွက်ကုန်သီးနှံများအား ဝယ်ယူရောင်းချခြင်းလုပ်ငန်းတွင် ကုမ္ပဏီအနေဖြင့် နေပြည်တော် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်း‌ ဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသော ဆန်စပါး၊ ပဲအမျိုးမျိုး )ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ) နှင့် ပြောင်းသီးနှံစသည့် သီးနှံများကို ဝယ်ယူစုဆောင်း ၍ ခေတ်မီစက်ကြီးများဖြင့် သန့်စင်ကာ Import ၊ Export လုပ်ငန်းများအား လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။ ဝယ်ယူသန့်စင်ပြီးထွက်ရှိလာသော အရည်အသွေးမြင့်သီးနှံ များအား ပြည်တွင်း၊ ပြည်ပ ဖြန့်ဖြူးရောင်းချခြင်းအား တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

၂၀၂၄-၂၀၂၅ ခု ၊ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာစိုက်ပျိုးရေး ထွက်ကုန်သီးနှံများအား ဝယ်ယူရောင်းချခြင်းမှ ရရှိသောဝင်ငွေသည် စုစုပေါင်းဝင်ငွေ၏ ၁၈.၉၅% ဝင်ငွေ ရရှိထားပါ သည်။

ဒေသခံလုပ်ငန်းရှင်များနှင့် သီးနှံရောင်းဝယ်ယူမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ

()     Contract Farming လုပ်ငန်းဆောင်ရွက်ခြင်း

 

ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် သည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အလေး ထား၍ Contract Farming လုပ်ငန်းအား ဆန်စပါး၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲအမျိုးမျိုး ပြောင်းသီးနှံ ဖြင့် အဓိကဆောင်ရွက်လျက်ရှိပါသည်။

 

Contract Farming (အကျိုးတူလယ်ယာစာချုပ်စိုက်ပျိုးရေး) လုပ်ငန်းဆိုသည်မှာ တောင်သူများနှင့် ကုမ္ပဏီအကြား ကြိုတင်သဘောတူညီချက် စည်းမျဉ်း၊ စည်းကမ်းများဖြင့် စိုက်ပျိုးထုတ်လုပ်ရန် စာချုပ်ချုပ်ဆိုသည့်စနစ်ဖြစ်ပါသည်။ ဤစနစ်တွင် ကုမ္ပဏီမှ တောင်သူ များအား မျိုးစေ့၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများပေးပြီး၊ တောင်သူများမှ သတ်မှတ်အရည် အသွေးနှင့် ကိုက်ညီသော သီးနှံများကို သတ်မှတ်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းဝယ်ခြင်း ဖြစ်သည်။ ၎င်းစနစ်သည်တောင်သူများအတွက် ဈေးကွက်အာမခံချက်ရရှိစေပြီး ကုမ္ပဏီများ အတွက် အရည် အသွေးမီ ကုန်ကြမ်းရရှိမှုကို ဖြစ်စေပါသည်။

 

၂၀၂၄-၂၀၂၅ ခု ၊ ဘဏ္ဍာရေးနှစ်အတွင်း Client Contract (၁၇၈) ဦးဖြင့် Contract Farming လုပ်ငန်းဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ထားရှိပြီး စုစုပေါင်းဝင်ငွေ၏ ၀.၁၆% ဝင်ငွေ ရရှိထားပါသည်။

 

သို့ဖြစ်ပါ၍ GBSASP သည် ကုမ္ပဏီမှချမှတ်ထားသော ရည်မှန်းချက်နှင့် မျှော်မှန်းချက် များနှင့်အညီ တောင်သူများ၏ အကျိုးစီးပွားကိုမျှော်မှန်း၍  တောင်သူအကျိုးပြုလုပ်ငန်းများကို ခေတ်မီသောနည်းပညာများပေါင်းစပ်၍ နေပြည်တော် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း‌ဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင်ရှိသော တောင်သူဦးကြီးများနှင့် အကျိုးတူလယ်ယာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက် ရှိပါ သည်။

Contract Farming လုပ်ငန်းဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကွင်းဆင်း စာချုပ် ချုပ်ဆိုခြင်း

Grow Your Career with G.B.S ASP

We’re more than a company we’re a community rooted in purpose.
Join ASP and make a real difference in agriculture, sustainability, and rural development.