ကုမ္ပဏီအကျဉ်းချုပ်

Agricultural Services Public Company Limited (G.B.S ASP) သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် စုံလင်ပြည့်စုံသော ဆောက်လုပ်တည်ဆောက်မှုပုံစံပါဝင်သည့် စိုက်ပျိုးရေးဖြေရှင်းချက်များကို ပံ့ပိုးပေးနေသော ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ASP သည် တောင်သူလယ်သမား များ၏ အလုပ်လုပ်နိုင်စွမ်း တိုးတက်မြင့်မားစေရေး၊ထုတ်လုပ်မှုနှုန်းကို ထိရောက်စွာမြှင့်တင်ရေးကို အသုံးချပေးရေးတို့ကို အရေးပါသည့် ရည်မှန်းချက်များအဖြစ် သတ်မှတ်ပြီး လုပ်ငန်းများကို ဆောင်ရွက်နေပါသည်။စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြုံနက်ရှိုင်းမှုများနှင့် နိုင်ငံတဝှမ်းအနှံ့ကွန်ယက်အားသာချက်များကို အခြေခံ၍ G.B.S ASP သည် စိုက်ပျိုးရေးနည်းလမ်းများကို ခေတ်မီနည်းပညာနှင့် ပေါင်းစည်းကာ

  • အရည်အသွေးမြင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ပြည်ပသွင်းကုန်များ
  • ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်ချက်များ
  • ယုံကြည်စိတ်ချရသည့် ဝန်ဆောင်မှုများ

ကို တစ်နေရာတည်းမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

G.B.S ASP သည် “မြေပြင်မှ အောင်မြင်မှုထိ” ဆောင်ရွက်ပေးနိုင်စေရေးကို ရည်မှန်းပြီး တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး ecosystem တစ်ခုလုံးအတွက် တန်ဖိုးအသစ်များ ဖန်တီးပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါသည်။

အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ

(က) ကုန်ပစ္စည်းစီမံ/ထုတ်လုပ်ရေးဌာန

  • တောင်သူဦးကြီးများထံမှ မျှတသောဈေးနှုန်းများ ပွင့်လင်းမြင်သာသော ကုန်သွယ်မှုလုပ်ငန်းစဥ်များဖြင့် အရည်အသွေးမြင့် ဆန်နှင့်ပဲအမျိုးမျိုး ဝယ် ယူခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ခြင်း၊
  • နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ဆန်နှင့်ပဲအမျိုးမျိုးကို သန့်စင်ခြင်း၊ အဆင့်သတ်မှတ်ခြင်း ၊ အမျိုးအစားခွဲခြားခြင်း၊ ထုပ်ပိုးခြင်းစသည့် လုပ်ငန်းစဥ်များအတွက် လိုအပ်သော ထုတ်လုပ်ရေးအဆောက်အအုံများ ကို တိုးချဲ့တည်ထောင်ပေးခြင်း၊
  • သတ်မှတ်ထားသောကွန်ယက်များမှတစ်ဆင့် နိုင်ငံတကာဈေးကွက်များသို့ တိုက်ရိုက်တင်ပို့ခြင်းနှင့် အဓိကကုန်သွယ်ရေးကဏ္ဍ အခမ်းအနားများတွင် ပါဝင်ခြင်း၊
  • ပြည်တွင်းရှိလက်လီရောင်းချသူများနှင့် အစားအသောက်ထုတ်လုပ်သော စက်ရုံများသို့ ဖြန့်ဖြူးရောင်းချပေးခြင်း၊

(ခ) စက်ပစ္စည်းဌာန

  • သွင်းကုန်များ၊ ကူဘိုတာစက်များ ဖြန့်ဖြူးရောင်းချခြင်းများ နှင့် အခြား သက်ဆိုင်ရာ စက်ပစ္စည်းများ စီမံခန့်ခွဲလုပ်ဆောင်ခြင်း။
  • တောင်သူဦးကြီးများ ၏ လိုအပ်ချက်များ နှင့် စိုက်ပျိုးရေး စရိတ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စက်ပစ္စည်းများ ရောင်းချပေးခြင်းနှင့်ငှားရမ်းပေးခြင်း
  • ရောင်းချပြီး သော စက်ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းခြင်း ၊ အပိုပစ္စည်းများ ရောင်းချခြင်းနှင့် After Sale ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း ၊
  • Kubota Myanmar Technical Team နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံနှင့် သင့်တော်သော UC (Used Certified), Max Check Points များ သတ်မှတ်နိုင်ရန်နှင့် Kubota Re-Condition လုပ်ငန်းကို ရန်ကုန်နှင့် မန္တလေးဆားဗစ်စင်တာတို့တွင် လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး စီစဥ်ဆောင်ရွက်ပေးခြင်း၊၊
  • စက်လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် နည်းပညာများ မျှဝေပေးခြင်း၊ သင်တန်းပေးခြင်း နှင့် အခြားလိုအပ်သော ထောက်ပံ့မှုများဆောင်ရွက်ခြင်း၊
  • စိုက်ပျိုးရေးကဏ္ဍခေတ်မီဖွံဖြိုးတိုးတက်စေရန်အတွက် စက်ယန္တရားအသစ်များကို သရုပ်ပြမိတ်ဆက်ပေးခြင်း၊
  • ဒေသဖွံ့ဖြိုးရေးအတွက်ဆိုရင် ကွင်းဆင်းလေ့လာမှုပြုလုပ်ရမည်ကို တွေးမိသောကြောင့် ကွင်းဆင်းသုတေသနများပြုလုပ်ခြင်း ဆို ပိုအဆင်ပြေမည်ထင်သည်။

(ဂ) လယ်ယာဝန်ဆောင်မှုဌာန

  • တောင်သူဦးကြီးများထံမှ ကောက်ယူထားသော ကောက်ပဲသီးနှံများကို ဈေးနှုန်းအာမခံချက်ပေး၍ စိုက်ပျိုးရေးသဘောတူညီချက်များကို ကမ်းလှမ်း ခြင်း၊
  • စိုက်ပျိုးမြေနှင့် မြေပြင် ပြင်ဆင်ခြင်း ဝန်ဆောင်မှုများ (ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းပြီးနောက်ဝန်ဆောင်မှုများ) စသည့် ဝန်ဆောင်မှုများအတွက် သင့်တင့်သော အခကြေးငွေဖြင့် ထောက်ပံ့ပေးခြင်း၊
  • အရည်အသွေးကောင်းမွန်သော ကောက်ပဲသီးနှံများရွေးချယ်ခြင်း ၊ ပိုးမွှားနှင့် ရောဂါစီမံခန့်ခွဲမှုများ ၊ ဆည်မြောင်းနည်းပညာများနှင့် စိုက်ပျိုးရေးလုပ်ငန်း စဉ်များ ဆောင်ရွက်နေမှုအပေါ် စိုက်ပျိုးရေးအကြံပေးဝန်ဆောင်မှုများ ဆောင် ရွက်ပေးခြင်း၊
  • လျာထားချက်အတိုင်းစိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးစေရေးအတွက် Drome System အခြေပြု ဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်း၊

(ဃ) တန်ဖိုးမြှင့်ထုတ်ကုန်ဌာန

  • ဆီထွက်သီးနှံအမျိုးမျိုး (ဥပမာ- မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး)ကို လက်လီ ၊ လက်ကားရောင်းချပေးခြင်း ၊ အရည်အသွေးမြင့်သန့်စင်ပြီး  ထုပ်ပိုးထားသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးနိုင်သောဆီများ ထုတ်လုပ်ခြင်း၊
  • ဆီကြိတ်ခြင်းနှင့်ဆန်ကြိတ်ခြင်းမှ ထွက်ပေါ်လာသော စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရပြည့်ဝပြီး ကုန်ကျစရိတ်သက်သာသော တိရစ္ဆာန်အစာများ ထုတ်လုပ်ခြင်း၊
  • အခြေခံဆန်ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ဆန်သုံး စွဲသူများအတွက် အဆင်ပြေစေရန်ထုပ်ပိုးထားသော ဆန်အမျိုးအစားများ သတ်မှတ်ထုတ်လုပ် ခြင်း ၊ ဆန်မှုန့်နှင့် မုန့်မှုန့်များထုတ်လုပ်ခြင်း၊

(င) စိုက်ပျိုးရေးသွင်းအားစုဌာန

  • ယုံကြည်စိတ်ချရသော အရည်အသွေးမြင့် မြေသြဇာများရောင်းချခြင်းမှ (NPK, ယူရီးယား၊ အော်ဂဲနစ်) ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများနှင့် မျိုးစေ့များကိုတင်သွင်းဖြန့်ဝေခြင်း၊
  • မြေဆီလွှာစမ်းသပ်စစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံ ပေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊
  • စနစ်တကျရောင်းဝယ်နေသည့် လက်လီဆိုင်များ၊ ဒေသခံကုန်သည်ကြီးများ နှင့် အတူပူးပေါင်းဆောင်ရွက်သည့် ကွန်ယက်မှတစ်ဆင့်ဖြန့်ဖြူးခြင်း၊

(စ) စိုက်ပျိုးရေးအထောက်အကူပြုငွေကြေးဝန်ဆောင်မှုဌာန

  • တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုး ပေးရန် အသေးစားချေးငွေများ ရရှိနိုင်ရေးအကြံဉာဏ်ပေးခြင်း ။
  • စိုက်ပျိုးသည့် ရာသီသီးနှံအလိုက် သီးနှံရိတ်သိမ်းချိန်များနှင့် ကိုက်ညီသည့် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလများ သတ်မှတ်စီမံဖော်ဆောင်ပေးနိုင် ရန်ပံ့ပိုးပေးခြင်း၊
  • တောင်သူဦးကြီးများအနေဖြင့် ငွေရေးကြေးရေးစီမံကိုင်တွယ် သုံးစွဲခြင်းနှင့် ပတ်သက်သည့် ဘဏ္ဍာရေးအသိပညာများကိုမျှဝေပေးခြင်း၊
  • တောင်သူဦးကြီးများအနေဖြင့် မိမိတို့စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေ စဥ်အတွင်း ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး ၊ ဆုံးရှုံးမှုဖြစ်ပေါ်လာပါကလည်း အထိုက် အလျောက်ကုစားနိုင်ရေးအတွက် အာမခံဝန်ဆောင်မှုများရယူနိုင်ရန် အာမခံ ကျွမ်းကျင်ပညာရှင်များ ၊ အာမခံကုမ္ပဏီများနှင့် ပူးပေါင်းဆွေးနွေးပေးခြင်း၊

ဥက္ကဌ၏နှုတ်ခွန်းဆက်စကား

၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီနှစ်ပတ်လည် အစီရင်ခံစာကို အလေးနက်ထားတင်ပြလိုသည်မှာ ယခုဘဏ္ဍာရေးနှစ်သည် မိမိတို့ G.B.S ASP ကုမ္ပဏီအတွက် အောင်မြင်မှုနှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများကို ထူးခြားစွာဖော်ဆောင် နိုင်ခဲ့ပြီး မိမိတို့၏တိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို ဆက်လက်ကြိုးပမ်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်းဦးစွာတင်ပြလိုပါသည်။ ကျွန်တော်တို့ ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင် မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီ တည်ထောင်ခြင်း၏ ရည်ရွယ်ချက် (၅)ချက် ဖြစ်သော တောင်သူဦးကြီးများ၏ ကြီးမားသောအခက်အခဲများဖြစ်သည့် လုပ်သား အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန်၊နည်းပညာပံ့ပိုးမှု လိုအပ်ချက်များအား တဘက် တလမ်းမှ(တစ်ဖက်တစ်လမ်း) ဆောင်ရွက်ပေးနိုင်ရန်၊ ကုန်ထုတ်လမ်း(ကုန်ထုတ်နှုန်း???) အခက်အခဲများအား ကူညီဖြေရှင်းပေးရန်၊ ရာသီဥတု အခက်အခဲကြောင့်ဖြစ်ပေါ်လာသော အချိန်မှီမစိုက်ပျိုးနိုင်ခြင်းနှင့် နေထိုင်မှု အဆင့်အတန်း ပိုမိုမြင့်မားရေးကို အဓိကထားရည်မှန်း၍ ဖွင့်လှစ်တည်တောင် ထားသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။

View More

အနာဂတ်မျှော်မှန်းချက်

  • GBS 360° Services တစ်ပတ်လည် ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တောင်သူဦးကြီး အကျိုးစီးပွားအားအကျိုးတူ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ရန်။
  • ခေတ်မီနည်းပညာသုံး စိုက်ပျိုးရေးလုပ်ငန်းများ (SMART Agriculture) တိုးချဲ့လုပ်ဆောင်လာရန်နှင့် သမားရီုးကျစိုက်ပျိုးထုတ်လုပ်မှု တန်ဖိုး မြှင့်စိုက်ပျိုးရေး။
  • ထုတ်ကုန်များ (Value- added Product) ပြောင်းလဲထုတ်လုပ်နိုင်ရန်။
  • တောင်သူများနှင့် အကျိုးတူစိုက်ပျိုးလုပ်ကိုင်မှု (Contract Farming) လုပ်ငန်းများ စနစ်တကျ တိုးချဲ့လုပ်ကိုင်နိုင်ရန်။
  • စိုက်ပျိုးရေးဆိုင်ရာ အသေးစားငွေရေးကြေးရေးထောက်ပံ့မှု လုပ်ငန်းများ အတွက် Financial Services အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရန်။
  • စိုက်ပျိုးရေးနှင့်ပက်သက်သည့်ဆက်စပ်သောလုပ်ငန်းများအားလုံးကို ဝန်ဆောင်မှုပေးနိုင်ရန်။

လုပ်ငန်းရည်မှန်းချက်

  • တောင်သူဦးကြီးများ၏ ကြီးမားသော အခက်အခဲ များ ဖြစ်သည့် လုပ်သားအခက်အခဲများ ကူညီဖြေရှင်း ပေးနိုင်ရေး။
  • နည်းပညာပံ့ပိုးမှု လိုအပ်ချက်များအား တစ်ဖက်တစ်လမ်း မှ ဆောင်ရွက်ပေးနိုင်ရေး။
  • ကုန်ထုတ်လမ်းအခက်အခဲများအား ကူညီဖြေရှင်းပေးရန်။
  • ရာသီဥတုအခက်အခဲကြောင့် ဖြစ်ပေါ်လာသော အချိန်မှီ မစိုက်ပျိုးနိုင်ခြင်း၊ မရိတ်သိမ်းနိုင်ခြင်း ကိစ္စများ ဆောင်ရွက်ပေးရန်။
  • သိုလှောင်ရုံအခက်အခဲ များကြောင့် Rental Services လိုအပ်သော နည်းပညာ ပံ့ပိုးမှုများကို One Stop Services ပေးနိုင်ရန်။

စံတန်ဖိုးများ

  • အရည်အသွေး
  • သမာဓိ
  • ဝယ်ယူသုံးစွဲသူများနှင့် ဆက်ဆံရေး
  • အစုရှယ်ယာရှင်များအား အလေးအနက်ထား၍ ဝန်ဆောင်မှုပေးခြင်း။

မိတ်ဖက်ပါတနာများ

ကော်ပိုရိတ် အုပ်ချုပ်ရေးစနစ်

Connect directly with our corporate relationship team for governance matters, compliance inquiries, and strategic partnerships.

Corporate Relationship Officer

CSR စတင်ကဏ္ဍများနှင့် လူမှုသက်ရောက်မှုများ

Good Brothers’ Earthquake Relief Mission

ဂွတ်(ဒ်)ဘရားသား(စ်)လုပ်ငန်းစုမှ မန္တလေး၊ နေပြည်တော်၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်များရှိ ငလျင်ဘေးသင့် မိဘပြည်သူများအတွက် လိုအပ်သောအရေးပေါ်ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါသည်။

Empowering Mandalay: Free Charging for Everyone

မန္တလေးမြို့နေမိဘပြည်သူများအနေဖြင့် မိမိတို့ရဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအား အခမဲ့လာရောက်အားသွင်းနိုင်ရန်အတွက် Good Brothers’ Recharge Station များကို အောက်ဖော်ပြပါနေရာများတွင် စီစဥ်ပေးထားပါသည်။ 📍 နေရာ (၁) လေယာဥ်ကွင်းဟောင်းအနောက်ဘက်၊ အစိုးရဘဏ်အနီးနား၊

အဆင့်မြင့်မှုများနှင့် ဆောင်ရွက်အောင်မြင်မှုများ

၂၀၁၅-၂၀၁၆

ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှု လုပ်ငန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သည် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင်ရုံး၏ (၆-၁၀-၂၀၁၅) ရက်စွဲပါ ကုမ္ပဏီမှတ်ပုံတင်အမှတ် (၂၃၈၄/၂၀၁၅-၂၀၁၆) ဖြင့်မှတ်ပုံတင်ပြီး အများပိုင်ကုမ္ပဏီလီမိတက် အဖြစ်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၅

၂၀၁၆-၂၀၁၇

ထို့နောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၆-၃-၂၀၁၆) ရက်စွဲ ပါ ခွင့်ပြုမိန့်အမှတ် (မနသ-၁၁၇၀/ ၂၀၁၆) ဖြင့် အမှတ်(၄)၊ နယ်မြေ(၅)၊ ကျောင်းကုန်း မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအား ၅-၅-၂၀၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၆

၂၀၂၅

ထို့နောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၆-၃-၂၀၁၆) ရက်စွဲ ပါ ခွင့်ပြုမိန့်အမှတ် (မနသ-၁၁၇၀/ ၂၀၁၆) ဖြင့် အမှတ်(၄)၊ နယ်မြေ(၅)၊ ကျောင်းကုန်း မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအား ၅-၅-၂၀၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅